ပဲခူး မေ ၁၉
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေး ညှိနှိုင်းအစည်း အဝေး ကျင်းပ ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လမ်းပန်း ဆက်သွယ်ရေး လုံခြုံမှု မှသည် ပြည်သူလူထု တစ်ဦးချင်းစီ၏ လုံခြုံရေးအထိ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန်လိုအပ်မည်ဖြစ်၍ အဖျက် အမှောက်လုပ်ငန်းများ၏ သတင်းအချက်အလက်များ တိကျမှန်ကန်မြန်ဆန်စွာ ရရှိနိုင်ရေးသည် အလွန် အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူလူထု ၏ အသက်အိုးအိမ်စည်းစိမ်ကို ပျက်ဆီးစေသည့် မည်သည့် လုပ်ရပ်ကိုမဆို ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မကြာမီ ကျောင်းဖွင့်ရာသီရောက် တော့မည်ဖြစ်၍ ကျောင်းတွင်း/ပြင် လုံခြုံရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အလိုက် စနစ်တကျ လုံခြုံရေးအဖွဲ့များ ကြိုတင်ဖွဲ့စည်းဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ရောဂါပိုး ပြန်လည်တွေ့ရှိနေပြီဖြစ်၍ နယ်စပ်ဂိတ်များ သေခြာစွာစစ်ဆေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် လိုအပ် ချက်များ တင်ပြရန်၊ မြို့နယ်အလိုက် ပြည်သူ့ဆေးရုံများတွင် ကိုဗစ်-၁၉ရောဂါကုသ နိုင်ရေးအတွက် ပြင်ဆင် ထားရန်၊ Facility Quarantine သီးခြားထားရှိနိုင်မည့်နေရာများ စနစ်တကျ ကြိုတင်ဆောင်ရွက်ထားရန်နှင့် ကျေးရွာ နေပြည်သူများအား စိုက်ပျိုးရေးနည်းစနစ် မွေးမြူရေးနည်းစနစ်များ သိရှိစေရန် သက်ဆိုင်ရာ ဌာနဆိုင်ရာ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားရန်တို့အား လမ်းညွှန်မှာကြား ခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဆိုင်ရာ အချက်အလက်များအား တင်ပြခဲ့မှုအပေါ် ကောင်စီ အဖွဲ့ဝင်များမှ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)