သတင်းများ

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ ရပ်ကွက်နေရာအချို့၌ ယနေ့ဓာတ်အားယာယီ ပြတ်တောက်နိုင်
May 19,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်း ဓာတ်အားပေးထားသော 33 kV ပဲခူးမြစ် ကျော် ဒဂုံဆိပ်ကမ်းဖီဒါ ဓာတ်အားလိုင်းကြိုးအား S.A.C ဓာတ်အားလိုင်းဖြင့်လဲလှယ် တည်ဆောက်ခြင်း လုပ်ငန်းကို ယနေ့ နံနက်(၁၀)နာရီမှ နေလယ် (၂) နာရီအတွင်း လုပ်ငန်းဆောင်ရွက်သွား မည်ဖြစ် ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပရေးရှင်းက မေ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
May 19,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် ၇၉ ရပ်ကွက်၊ အောင်သုခလမ်း၊ မ-၈၁၉၊ ပရဆေးကုန်ကြမ်း သိုလှောင်ရုံဂိုဒေါင်တွင် ယမန်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန်က မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
May 19,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှ မြို့နယ်အတွင်းနေထိုင်လျှက်ရှိသော မွေးရာပါ နိုင်ငံသားအရည်အချင်းရှိသူများအား ၁၉၄၉-ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေအရ စိစစ်၍ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် အမျိုးသားမှတ်ပုံတင်ကဒ်ပြား၊ နို်ငငံသားစိစစ်ရေး ကတ်ပြားများကိုယနေ့ နံနက်(၉)နာရီခွဲအချိန်က မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးတွင် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။
တနင်္သာရီမြို့၌ (COVID-19) ရောဂါကာကွယ်ဆေး (တတိယ)အသုတ်၊ (ဒုတိယ)အကြိမ် ထိုးနှံပေးခြင်း ဆောင်ရွက်
May 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအေးနိုင်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအချိန်အထိ သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အိန္ဒိယနိုင်ငံထုတ် (COVISHIELD) (COVID-19) ရောဂါ ကာကွယ်ဆေး (တတိယ) အသုတ်၊ (ဒုတိယ)အကြိမ် ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမအတွင်း ထိုးနှံပေးရာ သံဃာတော် (၁၀)ပါး၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်း (၄၂)ဦးနှင့် ဒေသခံပြည်သူ(၇၂၄)ဦး၊ စုစုပေါင်း(၇၇၆)ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
ရမည်းသင်းမြို့နယ်သစ်တောဦးစီးဌာနမှ မြို့မပျိုးဥယျာဉ်နှင့် ရွာတန်းပျိုးဥယျာဉ်တို့၌ မိုးရာသီအရိပ်ရ ပျိုးပင်ပေါင်း(၁၀၀၀၀၀) ပျိုးထောင်ထားရှိ
May 19,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်၊ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သစ်တော များပြုန်းတီးမှုမှကာကွယ်နိုင်ရေးနှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရေးအတွက် မြို့နယ်သစ်တော ဦးစီးဌာနမှ မြို့မပျိုးဥယျာဉ်နှင့် ရွာတန်းပျိုးဥယျာဉ်တို့၌ ပျိုးပင်ပေါင်း (၁၀၀၀၀၀)အား ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ပြည်သူ့စာကြည့်တိုက်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေး
May 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့ပြီးနောက် ယခုအခါ ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်ကို မေလဆန်းမှ စတင်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တဓမ္မာနန္ဒ၏ သာဓုကီဠန အန္တိမအဂ္ဂိစျာပနနှင့် ရုပ်ကလာပ်တော်ကို အဂ္ဂိဈာပနလောင် တိုက်သွင်းပူဇော်သည့် အခမ်းအနားများကျင်းပ
May 19,2021
မေလ ၁၀ ရက် ၊ ည ၉ နာရီခွဲခန့်က ဘဝနတ်ထံစံလွန်တော်မူသွားသည့် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် သင်္ဃန်းကျွန်းမြို့နယ်၊ စစ်ကိုင်းစာ သင်တိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက ဘဒ္ဒန္တဓမ္မာနန္ဒ၏ သာဓုကီဠန အန္တိမအဂ္ဂိစျာပန အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် စစ်ကိုင်းစာသင်တိုက် စံကျောင်းတော်နှင့် ညနေ ၃ နာရီတွင် ရုပ်ကလာပ်တော်ကို ရေဝေးသုသာန်သို့ ပင့်ဆောင်ပြီး အဂ္ဂိဈာပန လောင်တိုက်သွင်းပူဇော်သည့် အခမ်းအနားများကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီ အဖွဲ့ဝင်များ တက်ရောက်ကြည်ညိုခဲ့ကြသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့ဝင်များမှ အန္တိမအဂ္ဂိဈာပန ပူဇာ အခမ်းအနားတွင် ကျန်းမာရေး စောင့်ရှောက်မှုပေး
May 19,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏမြို့ကျောင်းလမ်းတွင် တည်ရှိသော စစ်ကိုင်း စာသင် တိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက ဆရာတော်ဘုရားကြီးဘဒ္ဒန္တဓမ္မနန္ဒ (သက်တော် ၈၆)နှစ် ဝါတော်(၆၆) ဝါ၏ အန္တိမအဂ္ဂိဈာပနပူဇာ အခမ်းအနားပြုလုပ်သေ