သတင်းများ

ကသာမြို့ရှိ ဖရဲသီးရောင်းချသူများ ယခင်နှစ်များထက် အရှုံးပေါ်နေ
May 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း စိုက်ပျိုးထားရှိသော ဖရဲသီးများကို ကသာမြို့ပေါ်၌ ရောင်းချလျက်ရှိရာ ယခုနှစ်တွင် ဖရဲသီးရောင်းချသူများအနေဖြင့် ယခင်နှစ်များထက် အရှုံးပေါ်နေ ကြောင်း ဖရဲသီးရောင်းချသူများထံမှ သိရသည်။
ဂန္ဓမာပန်းစိုက်ပျိုးတောင်သူများ ရေဖျန်းစနစ်ကို အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်များ ချွေတာနိုင်
May 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အနီးမှ  ဂန္ဓမာပန်းစိုက်ပျိုး တောင်သူများသည် ရေဖျန်းစနစ်ကို အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်များ ချွေတာနိုင်ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ရွှေလင်းကျေးရွာ၌ မြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေကြီးကြပ်မှု ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်
May 19,2021
စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကျေးလက်ဒေသများရှိ ‌ဒေသခံကျေးလက်ပြည်သူများအား မွေးမြူရေးလုပ်ငန်းများဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေလာစေရေး တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းမှ စီးပွားဖြစ် မွေးမြူလုပ်ကိုင်လာနိုင်စေရေးအတွက် ရည်ရွယ်ပြီး မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ကြာအင်းရွှေဒိုးကျေးရွာအုပ်စု ရွှေလင်းကျေးရွာတွင် ကျေးရွာမြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၌ မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ တတိယအကြိမ် ထုတ်ချေးပေး
May 19,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ တတိယအကြိမ် ထုတ်ချေးပေး ခြင်းကို ယနေ့နေ့လည် ၁၂ နာရီတွင် လယ်သာအုပ်စု၊ ဇလုပ်ကြီးကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့အခြေခံပညာအထက်တန်းကျောင်းသန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရေးအတွက် ယနေ့နံနက် ၇နာရီ အချိန်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ရည်မှန်းချက်နှင့် ပြဿနာအထွေထွေစာအုပ်အား စာဖတ်ဝိုင်းကျင်းပ ပြုလုပ်
May 19,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံက် ၉ နာရီခွဲအချိန်တွင် ပြည်သူများ အသိပညာတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။
ကြံခင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် အသိပညာပေး လုပ်ငန်းဖြစ်သော ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် အရည်အသွေးပြည့်မှီသော ပုံပြောအစီအစဉ် လွှင့်တင်နိုင်ရေး ဆောင်ရွက်
May 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့ စာကြည့်တိုက် Facebook Page မှတစ်ဆင့် အရည်အသွေးပြည့်မှီသည့် ပုံပြောအစီအစဉ်များကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ကြံခင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ အစီအစဉ်များ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ၂၀၂၀ ပြည့်နှစ်၊ သဘာဝဘေးအန္တရာယ် ကြောင့် သီးနှံပျက်စီးဧကများအတွက်ထောက်ပံ့ငွေပေးအပ်
May 19,2021
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ ဆင်ပေါင်ဝဲမြို့၌ ၂၀၂၀ ပြည့်နှစ် သဘာဝဘေးအန္တရာယ်ကြောင့်သီးနှံပျက်စီးဧကများအတွက်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။