ရမည်းသင်းမြို့နယ်သစ်တောဦးစီးဌာနမှ မြို့မပျိုးဥယျာဉ်နှင့် ရွာတန်းပျိုးဥယျာဉ်တို့၌ မိုးရာသီအရိပ်ရ ပျိုးပင်ပေါင်း(၁၀၀၀၀၀) ပျိုးထောင်ထားရှိ

ရမည်းသင်း      မေ    ၁၉

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်၊ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သစ်တော များပြုန်းတီးမှုမှကာကွယ်နိုင်ရေးနှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရေးအတွက် မြို့နယ်သစ်တော ဦးစီးဌာနမှ မြို့မပျိုးဥယျာဉ်နှင့် ရွာတန်းပျိုးဥယျာဉ်တို့၌ ပျိုးပင်ပေါင်း (၁၀၀၀၀၀)အား ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ပျိုးဥယျာဉ်၌ ပျိုးပင်များအား ပျိုးထောင်ထားရှိရာ နှစ်စဉ်ရာသီဥတု ပြောင်းလဲမှု ဂေဟစနစ်များ ပြန်လည်ကောင်းမွန်စေရန်နှင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် အတွက်ရည်ရွယ်၍ မြို့မပျိုးဥယျာဉ်တွင် ကျွန်း(၁၀၀၀၀)ပင်၊ လျော်ဖြူ(၅၀၀၀)ပင်၊ မန်ဂျန်ရှား(၁၀၃၀၀)ပင်၊ ယူကလစ်(၇၀၀၀)ပင်၊ မယ်ဇလီ(၃၇၀၀)ပင်၊ တမာ(၁၀၀၀)ပင်၊ မြန်မာကုက္ကိုလ်(၁၀၀၀)ပင်၊ ပိတောက် (၃၀၀၀)ပင်၊ ယင်းမာ(၂၀၀၀)ပင်၊  စိန်ပန်း(၁၀၀၀)ပင်၊ရေတမာ(၁၀၀၀)ပင်နှင့်ရွာတန်းပျိုးဥယျာဉ်တွင် မန်ကျည်း(၁၀၀၀)ပင်၊ လျှော်ဖြူ(၃၀၀၀)ပင်၊ ကျွန်း(၂၀၀၀၀)ပင်၊ ပိတောက်(၃၀၀၀)ပင်၊ မန်ဂျန်ရှား (၁၅၀၀၀)ပင်၊ ယူကလစ်(၃၀၀၀)ပင်၊ မယ်ဇလီ(၂၀၀၀)ပင်၊ စိန်ပန်း(၃၀၀၀)ပင်၊ ရေတမာ(၁၀၀၀)ပင်၊ တမာ(၂၀၀၀)ပင်၊ မြန်မာကုက္ကိုလ်(၃၀၀၀)ပင်၊ ငုရွှေဝါ(၂၀၀၀)ပင်စသည့် အရိပ်ရပျိုးပင်များကို ပြုစုပျိုးထောင်၍ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။

 ရမည်းသင်းမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း၌ ၂၀၂၁ ခုနှစ် မိုးရာသီကာလတွင် စိုက်ပျိုးနိုင်ရန်အတွက် ပျိုးဥယျာဉ်မှာရှိသည့်ပျိုးပင်များကို ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများ၊ ကျေးလက် ကျန်းမာရေးဌာနများ၊ တိုက်နယ်ဆေးရုံ၊စက်ရုံအလုပ်ရုံများ၊ ရပ်ကွက်ကျေးရွာများ  ရှိလမ်းဘေးဝဲယာများ၊ မြေလွတ်မြေလပ်ရှိသည့်နေရာများတွင်စိုက်ပျိုးရန် ပျိုးထားကြောင်း မြို့နယ်သစ်တော ဦးစီးဌာနကသိရသည်။

ခရိုင်ပြန်/ဆက်၊ ရမည်းသင်း