ကြာအင်းဆိပ်ကြီးမြို့နယ် ရွှေလင်းကျေးရွာ၌ မြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေကြီးကြပ်မှု ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်

ကြာအင်းဆိပ်ကြီး မေ ၁၉

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကျေးလက်ဒေသများရှိ ‌ဒေသခံကျေးလက်ပြည်သူများအား မွေးမြူရေးလုပ်ငန်းများဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေလာစေရေး တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းမှ စီးပွားဖြစ် မွေးမြူလုပ်ကိုင်လာနိုင်စေရေးအတွက်  ရည်ရွယ်ပြီး မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ကြာအင်းရွှေဒိုးကျေးရွာအုပ်စု ရွှေလင်းကျေးရွာတွင် ကျေးရွာမြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

၎င်းရန်ပုံငွေကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်း၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးလွင် က မြစိမ်းရောင် ရန်ပုံငွေများ လေအလွင့်ဆုံးရှုံးမှုမရှိစေရေး စနစ်တကျထိန်းသိမ်းပြီး ရန်ပုံငွေများကိုအသင်းသားများအား စနစ်တကျထုတ်ချေးပေးနိုင်စေရေး ငွေစာရင်းများအားစနစ်တကျ ရေးသွင်းနိုင်စေရေးနှင့် အသင်းသားများအနေဖြင့် မိမိတို့ရရှိသည့် ရန်ပုံငွေချေးငွေကို အကျိုးရှိစွာ မွေးမြူအသုံးချနိုင်စေဖို့အတွက် ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် မြစိမ်းရောင်အသင်းဝင်များမှ ရန်ပုံငွေကြီးကြပ်မှုကော်မတီအား ရွေးချယ်အတည်ပြုကာ ကော်မတီဖွဲ့စည်းခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)