ချောင်းဦး၊ မေ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရေးအတွက် ယနေ့နံနက် ၇နာရီ အချိန်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဇွန်လပထမပတ်တွင် ပြန်လည်ဖွင့်လှစ်သင်ကြားပေးတော့မည့် ချောင်းဦး အခြေခံပညာအထက်တန်းကျောင်း အတွင်းအပြင်အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးအောင်ဘော်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဦးမြင့်မြတ်သူနှင့်တပ်ဖွဲ့ဝင်များ စုပေါင်းပြီး သန့်ရှင်းရေးလုပ်ဆောင်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းဝင်းအပြင်ဘက်ရှိချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန် စေရေးရေနှုတ်မြောင်းများ ရှင်းလင်းခြင်း၊ ကိုဗစ် ၁၉ ရောဂါကာကွယ်ရေး အတွက်ထားရှိသော လက်ဆေးဘေစင်များပြန်လည်ပြုပြင်ခြင်း၊ စာသင်ဆောင် အတွင်းအပြင်သန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဝင်းမြင့်အောင်