ပုဗ္ဗသီရိ မေ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ တတိယအကြိမ် ထုတ်ချေးပေး ခြင်းကို ယနေ့နေ့လည် ၁၂ နာရီတွင် လယ်သာအုပ်စု၊ ဇလုပ်ကြီးကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာ ဒေါ်နေခြည်ဇာဝေ နှင့် တာဝန်ရှိသူတို့က ဇလုပ်ကြီးကျေးရွာမှ စိုက်ပျိုးရေးလုပ်ကိုင်သူ ၅၇ ဦး၊ မွေးမြူရေးလုပ်ကိုင်သူ ၈၂ ဦးနှင့် အရောင်း အဝယ်လုပ်ငန်း လုပ်ကိုင်သူ ၉ ဦး စုစုပေါင်း ၁၄၈ ဦးအား ရန်ပုံငွေကျပ် ၃၄၄၇၀၀၀၀/- ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ အသင်းသူ အသင်းသားများအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)