ဂန္ဓမာပန်းစိုက်ပျိုးတောင်သူများ ရေဖျန်းစနစ်ကို အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်များ ချွေတာနိုင်

ကောလင်း မေ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အနီးမှ  ဂန္ဓမာပန်းစိုက်ပျိုး တောင်သူများသည် ရေဖျန်းစနစ်ကို အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်များ ချွေတာနိုင်ကြောင်း သိရသည်။

ကျွန်တော်တို့ ကျေးရွာအနီပတ်ဝန်းကျင်အားလုံးက ဂန္ဓမာပန်းစိုက်ပျိုးကြပါသော ကျေးရွာများ ဖြစ်ကြပါတယ်။ ဂန္ဓမာပန်းက ပြုစုမှုကြိုက်သော ပန်းတစ်မျိုးဖြစ်ပြီး အပင်ပေါက်များကို မေမြို့မှ မှာယူပြီးစိုက်ပျိုးကြပါတယ်။

"ကျွန်တော်တို့ဒေသတွေမှာ နှစ်စဉ်န္ဓမာပန်းစိုက်​တောင်သူတိုင်း ရေသွင်းစနစ်ဖြင့်တာ နှစ်စဉ်စိုက်ပျိုးခဲ့ကြပါတယ်။ ရေသွင်းစနစ်ဖြင့်စိုက်ပျိုး ခဲ့စဥ်က ပိုးမွားရောဂါ၊ မှိုရောဂါများစွာ ကျရောက်သဖြင့် ငွေကုန်များခြင်း ထို့အပြင် ရေတစ်ခါသွင်းတိုင်း ပေါင်းထိုးရသဖြင့် အလုပ် သမားခများ များပြားခြင်း၊  ဓာတ်မြေဩဇာ များစွာ ကျွေရခြင်းကြောင်း စိုက်ပင်ဖိုး၊ အလုပ်သမားခ စသည့် စုစုပေါင်းကုန်ကျစရိတ်တွက်လျှင် အမြတ်နည်းခဲ့သည်။

ဒီနှစ်တော့ မိုးခေါင်တော့ ရေပန်းစနစ်ကို သုံးဖြစ်သွားတာပါ။ ယခုမှ ရေပန်းစနစ်သုံးစွဲမှု၏ ကောင်းကျိုးကို သိလာရတာပါ။ရေပန်းစနစ်ကို အသုံးပြုခြင်းဖြင့် ရေကို ခြွေတာနိုင်ခြင်း၊ ပိုးမွား ကျရောက်မှု နည်းပါးခြင်း၊ မြေဩဇာသုံးစွဲရမှုနည်းပါးခြင်းတို့ကြောင့် ကုန်ကျစရိတ် သက်သာလာပါတယ်" ဟု ဂန္မာပန်းစိုက်ပျိုးသူ ဇီးဖြူပင်ကျေးရွာမှ ဦးစိုးပိုင်ကပြောပြသည်။

ဂန္ဓမာပန်းသည်  ရေဖျန်းစနစ်ကို ပိုမိုနှစ်သက်ခြင်း၊ ရေသွင်းစနစ်နှင့်ရေဖျန်းစနစ် နှိုင်းယှဉ် စိုက်ပျိုးလျှင် ရေဖျန်းစနစ်က အဖူအပွင့်များလည်ပိုမိုကြီးထွားပြီး စောစွာခူးဆွတ် ရောင်းချရ ကြောင်း ဂန္ဓမာပန်း စိုက်ပျိုးတောင်သူများ ရေဖျန်းစနစ်ကိုအသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်များ ခြွေတာနိုင်ကြောင်း၊ ဂန္ဓမာပန်းစိုက်တောင်သူများ ရေးပန်းစနစ်ကို များစွာအသုံးပြုသင့်ပါ ကြောင်း ၎င်းက ဆက်လက် ၍ပြောပြသည်။

ကောလင်းမြို့နယ်အနီးမှ စိုက်ခင်းများမှ ဆန်းမား၊ ကြွေဖြူ၊ မရမ်း၊ မြနှင်းဖြူ၊ အိုဆာမရမ်း၊ ရွှေအိုး၊ သစ်ခွလိပ်ပြာ စသည့်မျိုးများကို အများဆုံး စိုက်ပျိုးကြပြီး ရေဖျန်းစနစ်ကို အသုံးပြုခြင်း ဖြင့် ကုန်ကျစရိတ်များ ခြွေတာနိုင်ကြောင်း သိရသည်။

မြင့်ထွန်းမင်း