ဆင်ပေါင်ဝဲ မေ ၁၉
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ ဆင်ပေါင်ဝဲမြို့၌ ၂၀၂၀ ပြည့်နှစ် သဘာဝဘေးအန္တရာယ်ကြောင့်သီးနှံပျက်စီးဧကများအတွက်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းရွှေ မှ အဖွင့်အမှာ စကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီမှူး ဦးအေးနိုင်မှ ၂၀၂၀ ပြည့်နှစ် ၊ ထိခိုက် ပျက်စီးခဲ့သည့် သီးနှံဧကများအတွက် ထောက်ပံ့ငွေ ပေးအပ်မှု အခြေအနေများကို ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာအုပ်စု(၇)အုပ်စု ၊ ကွင်း(၁၇) ၊ ဦးပိုင် (၉၇၉)၊ တောင်သူ (၅၇၁)ဦး ၊ မိုးနှမ်း(၁၁၅၈.၁၀)ဧက ၊ မိုးမြေပဲ(၁၄.၀၀)ဧက ၊ မိုးပဲတီစိမ်း (၄၁.၉၀)ဧက အတွက် စုစုပေါင်း ထောက်ပံ့ငွေ(၆၄၂၀၀၀၀/-)ကျပ်ပေး အပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှုး ၊ ဌာနဆိုင်ရာ အကြီးအကဲ များ ၊ဝန်ထမ်းများ ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စိုက်ခင်းပျက်စီး ဆုံးရှုံးသူ တောင်သူများတက်ရောက်ကြကြောင်းသိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)