သတင်းများ

၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်လမ်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့၏ အကောင် အထည်ဖော် ဆောင်ရွက်ထားသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။
လက်ပံတန်းမြို့နယ် လူထုအခြေပြု ဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Jun 17,2021
 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများ စာဖတ်သည့် အလေ့အထများ ရရှိစေရန်နှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေရေး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်ပြီး ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် (၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်သည်။
မိုးညှင်းခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ အစည်း အဝေး ကျင်းပ
Jun 17,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီး ကော်မတီအစည်း အဝေးကို ယနေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ စီမံအုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၃)စစ်ဗျူဟာ ကျောက်ကြီးတပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် မေထုန်မဲ့သားစပ်ဆေးထိုးခြင်းများ ကွင်းဆင်းဆောင်ရွက် 
Jun 17,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ချောင်းဆုံမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာရှိ ဒေသခံပြည်သူများ မွေးမြူထားသောကျွဲနွားများအား ပေါင်ပုပ်၊ လက်ပုပ် ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် မေထုန်မဲ့သားစပ်ဆေးထိုးပေးခြင်းကို ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ချောင်းဆုံအရှေ့ရပ်ကွက်တွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။ 
ကဝမြို့နယ်တွင် ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေး
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်းရှိ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးခြင်း အခမ်းအနားကို ကဝမြို့နယ် မြန့်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ ခန်းမ၌ ၁၇-၆-၂၀၂၁ ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် ကျင်းပသည်။
ကတ္တရာထပ် ပိုးလွှာခင်းခြင်းနှင့် လမ်းသားချဲ့ထွင်မှု ၇၅ ရာခိုင်နှုန်းပြီးစီး
Jun 17,2021
ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်ရှိ ဦးဘိုနီလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းသား ချဲ့ထွင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပေါက်မြို့နယ်တွင် ယခုနှစ်မိုးရာသီကာလ အရိပ်ရပျိုးပင်ပေါင်း ၃၀၀၀၀ ကျော် အခမဲ့ ဖြန့်ဝေ စိုက်ပျိုးသွားမည်
Jun 17,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် သဃံဇတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီ ကာလတွင် သဘာဝပတ်ဝန်းကျင်း ထိန်းသိမ်းရေးအတွက် ဒေသနှင့်ကိုက်ညီမည့် အရိပ်ရပျိုးပင်ပေါင်း ၃၀၀၀၀ ကျော်  စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။