သတင်းများ

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းဦး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအား ကြည့်ရှုစစ်ဆေး
May 19,2021
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းဦးသည် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်၊ မကွေးခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ဆွေဦးနှင့်အတူ နတ်မောက် မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက နတ်မောက် မြို့နယ် သမုန်းပင်ကျေးရွာ သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်ပြီးစီးမှု အခြေ အနေအား ကြည့်ရှုစစ်ဆေးသည်။
အခြေခံပညာစာသင်ကျောင်းများဖွင့်လှစ်နိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
May 19,2021
ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂) ၌ ကျင်းပသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ ပန်းလိုချင် အပင်ကို ပျိုးတတ်မှ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်း
May 19,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေး ရည်ရွယ်၍  စာဖတ်ဝိုင်း ကျင်းပကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ် -၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ် ဆောင်ရွက်
May 19,2021
ပြည်သူများ စာပေဗဟုတတိုးပွားစေရန်နှင့် အသိပညာရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းနှင့် ပင်လုံလမ်းဆုံရာ  မဝတလမ်းဆုံရှိ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရုံးတွင် ဖွင့်လှစ် ဆောင်ရွက် လျက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တ ယာယီ ပိတ်ထားခဲ့ရာ ယခုအခါ ကိုဗစ် -၁၉ စည်းကမ်း များနှင့်အညီ အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့ နံနက် ၀၉း၃၀ နာရီမှ ညနေ၄း၃၀ နာရီ အထိ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 19,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ၊ လောက်ကိုင်မြို့နယ်ရုံး၌ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးသည့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေး အပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အခြေခံပညာကျောင်းပေါင်း ၃၁ ကျောင်းတွင် မေ ၂၄ ရက်နေ့မှ စတင်ပြီး ကျောင်းအပ်လက်ခံ ပေးသွားမည်
May 19,2021
COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၀-၂၀၂၁ပညာသင်နှစ်တွင် စာသင်ကြားမှုများ ယာယီ ရပ်ဆိုင်း ထားရှိခဲ့ရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများအား Social Distancing နှင့်အညီ ဖွင့်လှစ် နိုင်ရေး အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌  မြို့နယ်ပညာရေးဌာနှင့် ဌာန ဆိုင်ရာများပူးပေါင်း၍ အခြေခံပညာကျောင်းများကို ကြိုတင် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝက်လက်မြို့၌ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တွေ့ဆုံပွဲ ကျင်းပ
May 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံပွဲ အခမ်းနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ ကျောင်းမဖွင့်မီ ကြိုတင်ပြင်ဆင်ထားရှိမှုတွေ့ဆုံမေးမြန်းခြင်း
May 19,2021
၂၀၂၁-၂၀၂၂ပညာသင်နှစ်အေခြခံပညာကျောင်းများကိုဇွန်လ(၁)ရက်နေ့ဖွင့်လှစ်မည်ဖြစ်၍ကျွန်းလှမြို့နယ်ပညာရေးမှူးဦးမြင့်လွင်အားသွားရောက်တွေ့ဆုံပြီးစာသင်ကျောင်းများကြိုတင်ပြင်ဆင်ထားရှိမှုတွေ့ဆုံမြန်းခြင်းအစီအစဉ်ဖြစ်ပါ တယ်။