သတင်းများ

၀န်းသိုမြို့နယ်တွင်  နွေရာသီပေါ် ပန်းဂေါ်ဖီများ စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း
May 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် လက်ပံကြီးတောကျေးရွာသည် ကောလင်း-ဝန်းသို ကျေးရွာ ချင်းဆက် လမ်းဘေးတွင်တည်ရှိပြီး နန်းလှိုင်းဆည်ကို အမှီပြု၍ သီးနှံမျိုးစုံ စိုက်ပျိုလျက်ရှိရာ  စပါးရိတ်သိမ်းပြီး လယ်ကွက်များတွင် နွေရာသီပေါ် ပန်းဂေါ်ဖီကို စမ်းသပ် စိုက်ပျိုးရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြေပုံမြို့နယ်တွင် လူနေအိမ် (၁၄)လုံးမီးလောင်မှုဖြစ်ပွား
May 20,2021
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ တောင်ပိုင်းရပ်ကွက်တွင် ယနေ့နံနက်(၄)နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာနတွင် မိုးရာသီ သစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း ၄၀၀၀၀ ပင် ပျိုးထောင်ထားရှိ
May 20,2021
သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန၊ ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာနက သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း (၄၀၀၀၀)ပင်ကို ပျိုးထောင်ပြီးစီးကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ ပင်းမူကျေးရွာအုပ်စု၊ ပင်းမူကျေးရွာ စတုတ္ထ အလင်း စာကြည့်တိုက်၌ ပညာဒါနအဖြစ် ဖွင့်လှစ်သော အမှတ်စဉ် (၁) အခြေခံ ကွန်ပျူတာ သင်တန်းဆင်းပွဲကျင်းပ
May 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ ပင်းမူကျေးရွာအုပ်စု၊ ပင်းမူကျေးရွာ စတုတ္ထ အလင်း စာကြည့်တိုက်၌ ပညာဒါနအဖြစ် သင်တန်းသား ၁၄ ဦး သက်တန်းနည်းပြ ၃ ဦး တို့ဖြင့်  ဖွင့်လှစ်သော အမှတ်စဉ် (၁) အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများအား ကိုဗစ်−၁၉ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြည့်ရှုစစ်ဆေး
May 20,2021
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၉) အခြေခံပညာ အထက်တန်းကျောင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့ကို ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ကျောင်းအုပ် ကြီးများ၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံပြီး စာသင်ခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို  ကြည့်ရှုစစ်ဆေးကြသည်။
နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်မည့် အခမဲ့ကွန်ပျူတာသင်တန်းအတွက် သင်တန်းသား၊ သင်တန်းသူများ စတင်လက်ခံ
May 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ သဖန်းကိုင်းကျေးရွာ၊ သဖန်းကိုင်း ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ (အခမဲ့) ကွန်ပျူတာ သင်တန်းဖွင့်လှစ်ရန်အတွက် သင်တန်းသား၊ သင်တန်းသူများ စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေး
May 20,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလမှ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ ၁၈ လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
တောင်ငူ၌ မြို့နယ်အမျိုးသမီး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
May 20,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ မြို့နယ်အမျိုးသမီး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နတ်သျှင်နောင်ခန်းမ၌ ကျင်းပ သည်။