ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာနတွင် မိုးရာသီ သစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း ၄၀၀၀၀ ပင် ပျိုးထောင်ထားရှိ

ကျိုက်ထို မေ ၂၀

သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန၊ ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာနက သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း (၄၀၀၀၀)ပင်ကို ပျိုးထောင်ပြီးစီးကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် မြို့မပျိုးဥယျာဉ်တွင်  ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက်    ကျွန်း (၈၀၀၀)ပင်၊ မန်ဂျန်ရှား (၂၅၀၀၀)ပင်၊ သင်္ကန်း(၆၀၀) ပင်၊ ကုက္ကိုလ် (၁၀၀၀) ပင်၊ ဖန်းခါး(၆၀၀) ပင်၊ ပျဉ်းမ(၅၀၀)ပင်၊ ခရေ(၅၀၀)ပင်၊ စိန်ပန်း(၅၀၀)ပင် ကံ့ကော်(၆၀၀)ပင်၊ တရုတ်တည် (၁၂၀၀)ပင်၊ ကျွဲသွေး(၄၀၀) ပင်၊သစ်ပုတ်(၄၀၀) ပင်၊ခမိုင်(၄၀၀)ပင် ၊တောင်တလဲ (၃၀၀)ပင် စုစုပေါင်း (၄၀၀၀၀) ပင်ကိုပျိုး ထောင်ထားရှိပြီး ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးကြမည့် မည်သူမဆို ပျိုးဥယျာဉ်တွင် အခမဲ့ လာရောက် ယူနိုင်ကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။

၀င်းမောင်