မြေပုံ မေ ၂၀
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ တောင်ပိုင်းရပ်ကွက်တွင် ယနေ့နံနက်(၄)နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ တောင်ပိုင်းရပ်ကွက်တွင် လူနေအိမ်တစ်လုံး၌ မုန့်ကြော်နေစဉ် ဆီအိုးမီးလောင်ရာမှ အနီးရှိ ထရံသို့ ကူးစက်လောင်ကျွမ်းကာ ဓနိမိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ လူနေအိမ် (၁၃)လုံးသို့ ထပ်မံကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်ပွားရာနေရာသို့ ကမ်းထောင်းကြီးနယ်မြေ မီးသတ်စခန်းမှ သတင်းအရ နံနက် ၄ နာရီ ၅ မိနစ်အချိန်က မီးသတ်ယာဉ်(၁)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၄) ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀) ဦးတို့က မီးလောင်နေမှုအား သွာရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက်(၅) နာရီ (၁၀) မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည်အိမ်ထောင်စု (၁၄)စု၌ ကျား(၃၁)ဦး၊ မ(၃၇)ဦး စုစုပေါင်း (၆၈)ဦးတို့သည် ဆွေမျိုးများနေအိမ်တွင် ယာယီနေထိုင်လျက်ရှိပြီး လူနှင့်တိရစ္ဆာန်များ မီးလောင်ဆုံးရှုံးမှုမရှိကြောင်းနှင့် မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ ကမ်းထောင်းကြီးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တင်ဝင်း