ဘုတ်ပြင်းမြို့နယ်၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်
May 22,2021
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကျောင်းဥပဓိရုပ် ကောင်းမွန်းရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အတွက် ပြင်ဆင်ခြင်းများကို ယနေ့နံနက်က မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံပညာကျောင်း (၃) ကျောင်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။