ဘုတ်ပြင်းမြို့နယ်၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်

ဘုတ်ပြင်း   မေလ     ၂၂   ရက် 

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကျောင်းဥပဓိရုပ် ကောင်းမွန်းရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အတွက် ပြင်ဆင်ခြင်းများကို ယနေ့နံနက်က မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံပညာကျောင်း (၃) ကျောင်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဆောင်ရွက်ရာတွင် အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အောက်ရှိ တပ်ရင်းတပ်ဖွဲ့ဝင်    များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များမီးသတ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ကျောင်းဝင်းအတွင်းရှိ အမှိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်ခြုံနွယ်များရှင်းလင်းခြင်း၊  ရေးစီးမြောင်းများ   ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

သန်းထွန်းဦး