မော်လမြိုင် မေ ၂၂
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ(ဖလား) (၁၀) မြို့နယ် အသက်(၂၁)နှစ်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မော်လမြိုင်မြို့ Southern Myanmar ဘောလုံးကွင်း၌ ကျင်းပသည်။
အဆိုပါ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ (ဖလား) (၁၀)မြို့နယ် အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရေးမြို့နယ်အသင်းနှင့် ကျိုက်မရောမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရေးမြို့နယ်အသင်းက သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ပြိုင်ပွဲနေ့စဉ်အလိုက်အကောင်းဆုံး အားကစားသမား ဆုရရှိသူကို ပြည်နယ်ဘောလုံးဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌဦးညွန့်ဝေက လည်းကောင်း၊ ပွဲစဉ် တလျှောက် အကောင်းဆုံးအားကစားသမားဆု ရရှိသူကို Mon Si Groupr မှ ဒေါ်ဝါဝါခိုင်က လည်းကောင်း၊ ဂိုးသမားအကောင်းဆုံးဆုနှင့် နောက်တန်းအကောင်းဆုံးဆုရရှိကို ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်ကလည်းကောင်း၊ အလယ်တန်းနှင့် အရှေ့တန်းအကောင်းဆုံးဆုရရှိသူကို ပြည်နယ် တရားသူကြီးချုပ် ဦးညီညီစိုးက လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပူးတွဲတတိယဆုရရှိသော မော်လမြိုင်မြို့နယ်နှင့် ဘီးလင်းမြို့နယ် ဘောလုံးအသင်းအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ရဲမှူးကြီးသက်နိုင်က ငွေသားဆုကိုလည်းကောင်း၊ ဒုတိယ ဆုရရှိသော ကျိုက်မရောမြို့နယ် ဘောလုံးအသင်းအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးအောင် ကြည်သိန်းက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ပထမဆုရရှိသော ရေးမြို့နယ် ဘောလုံးအသင်းအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် နိုင်လယိတမက တစ်ဦးချင်းဆုတံဆိပ်ကို လည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော် လင်းထွန်းက ပထမဆုရရှိသော ရေးမြို့နယ်ဘောလုံးအသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ဘောလုံးအားကစားသမားများနှင့် နည်းပြများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး ရေးမြို့နယ်ဘောလုံးသည် သုံးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ကြောင်း သိရသည်။
ဝေလင်းအောင်