အောင်လံမြို့နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်  

အောင်လံ မေ ၂၂

မကွေးတိုင်းဒေသကြီး သရက်ခရိုင်  အောင်လံမြို့နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာများ သို့ကွင်းဆင်းကာ ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ စိုက်ပျိုးရေး၊ လျှပ်စစ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ မီးသတ်ဦး စီးဌာန၊ ဥပဒေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက လုံခြုံရေးဆိုင်ရာကိစ္စများ၊ ကျောင်း ဖွင့်လှစ်နိုင်ရေး၊ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ရာသီအလိုက်သီးနှံစိုက်ပျိုးမှုအခြေအနေ၊ လျှပ်စစ်မီး ရရှိရေးနှင့် ကျေးရွာမီးလင်းရေးကော်မတီကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များ၊ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဆည်ရေသောက်စိုက်ပျိုးရေးလုပ်ငန်းများ စသည်များကိုသက်ဆိုင်ရာဌာန အသီးသီးကရှင်းလင်းပြောကြားကာ ကျေးရွာများမှရပ်မိရပ်ဖများ၏ ဆွေးနွေးတင်ပြမှုများကို တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်း ဆွေးနွေးပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါအသိ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးသိန်း