ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များအတွက် ပြည်နယ်သင်တန်းသား ရွေးချယ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား      မေ ၂၂

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)တို့အတွက် ကချင်ပြည်နယ်သင်တန်းသား ရွေးချယ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးအမှတ်စဉ်(၁)ကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်သင်တန်းသားရွေးချယ်ရေး ကော်မတီနာယက၊ ပြည် နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နယ်စပ်ရေးရာဝန်ကြီးဌာန၏ တက္ကသိုလ်နှင့် ဒီဂရီ ကောလိပ်များသည် နယ်စပ်ဒေသများနှင့် အမှန်တကယ် ခက်ခဲသည့်ဒေသများအတွက် တန်ဖိုးရှိသည့် ဝန်ထမ်းကောင်းများကို လေ့ကျင့်မွေးထုတ်ပေးနေပါကြောင်း၊ ဒါ့ကြောင့် ဒီနေ့ပြည်နယ်အတွင်းမှာရှိသည့် တိုင်းရင်းသားလူငယ်များကို တက်ရောက်နိုင်ရေးအတွက် အရည်အချင်းကိုက်ညီသည့် သင်တန်းသားများကို ရွေးချယ်စေလွှတ်နိုင်ရေး ပွင့်ပွင့်လင်းလင်းဆွေးနွေးစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်သင်တန်းသားရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင် စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်က ပြည်နယ်သင်တန်းသားရွေးချယ်ရေးကော်မတီ ဖွဲ့စည်းထား ရှိမှုအခြေအနေနှင့် နယ်စပ်ဒေသများထိ သင်တန်းသားလျှောက်လွှာများ ဖြန့်ဝေခေါ်ယူနိုင်ရေးအတွက် ပညာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ကော်မတီတွဲဖက် အတွင်းရေးမှူး(၂) ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက တက္ကသိုလ်၊ ဒီဂရီကော လိပ်များအတွက် ပြည်နယ်အတွင်းမှ သင်တန်းသားခေါ်ယူသွားမည့် အစီအစဉ်များနှင့် အရည်အချင်း သတ်မှတ်ချက်များကို လည်းကောင်း ကော်မတီတွဲဖက်အတွင်းရေးမှူး(၁) ပြည်နယ်ပညာရေးမှူးက ခရိုင်၊ မြို့နယ်များအလိုက် သင်တန်းသားလျှောက်လွှာများ ဖြန့်ဝေခေါ်ယူဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ရေးဖြေနှင့် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဖြည့်ဆည်း ဆောင် ရွက်ပေးနိုင်ရေး တို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နယ်စပ်ဒေသနှင့် ခက်ခဲသောဒေသများရှိ တိုင်းရင်းသားလူငယ်များ တက်ရောက်နိုင်ရေးအတွက် အလေးထားဆောင်ရွက်ကြရေး၊ ရွေးချယ်ရေး ကော်မတီဝင်များအနေဖြင့် မိမိတို့ဒေသ၊ မိမိတို့ပြည်နယ်အတွက် အမှန်တကယ် ကြိုးစားဆောင်ရွက်ကြမည့် လူငယ်များ ရွေးချယ်ပေးနိုင်ရေးနှင့် လိုအပ်သည့် ထောက်ပံ့မှုများမြန်ဆန်စွာ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးတို့ကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ်