ညောင်လေးပင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်များ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိ

ညောင်လေးပင် မေ ၂၂

ပဲခူးတိုင်းဒေသကြီး       ညောင်လေးပင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့်   အိမ်ထောင်စု  လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဆောင်ရွက်ပေးရန် မေလပထမပတ်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ညောင်လေးပင်မြို့တွင် အသက်(၁၈)နှစ်ပြည့် လူဦးရေ၆၄၀၄ ဦး နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ရန် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယခုလိုဆောင်ရွက်ရာတွင် အိမ်ထောင်စု ဇယားမရှိသေးသည့် အိမ်ထောင်စုများ၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြားပြည်သူများ၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသောပြည်သူများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးစောနိုင် ထံမှသိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ကို ညောင်လေးပင်မြို့တွင် ရပ်ကွက်ကျေးရွာအုပ်စု ၆၁ အုပ်စုမှ ကျေးရွာပေါင်း ၁၅၁ ရွာသို့ ဝန်ထမ်းများမှ နည်လှည့်ကွင်းဆင်းပြီး ၂၀၂၁ ခုနှစ် မေလ ပထမပတ်မှစ၍ ၁၈ လ အချိန် ယူပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်