ကျောက်တန်း မေ ၂၂
ငါးသယံဇာတပေါကြွယ်ဝပြီး ငါးရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ဘန့်ဘွေးကုန်းဆည်အတွင်း ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးတင်ထွဋ်၊ တောင်ပိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးဦးအေးနိုင်၊ မြောက်ပိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးဦးမျိုးနိုင်၊ ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးဘုန်းခန့်အောင် နှင့် အဖွဲ့ဝင်များ ကျောက်တန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များတက်ရောက်ခဲ့ကြပြီး ဘန့်ဘွေးကုန်းဆည်အတွင်းသို့ ငါးမြစ်ချင်းအကောင်ရေတစ်သိန်း၊ ငါးရွှေဝါအကောင်ရေငါးသောင်း၊ ထိုင်းငါးခုံးမအကောင်ရေ တစ်သိန်းငါးသောင်း၊ စုစုပေါင်း ငါးအကောင်ရေ သုံးသိန်း စိုက်ထည့်ခဲ့ကြကြောင်း ကျောက်တန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးခင်ဝင်းထံမှ သိရသည်။
ဒေါ်ခင်ဆွေဝင်း (ကျောက်တန်း)