ငဖဲ မေ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေ ပြုဗဟိုဌာန Community Centre ခန်းမတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန တို့ ပူး ပေါင်း၍ ပန်းခင်းစီမံချက်အကြောင်းသိကောင်းစရာအသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ယုယုသိန်း က ပန်းခင်းစီမံချက်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး မြို့နယ် လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဦးစီးမှူး ဦးကျော်ဝင်း က ပန်းခင်း စီမံချက် အကြောင်း ၊ပန်းခင်းစီမံချက်ဖြင့် မွေးရာပါနိုင်ငံသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သောကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းဆောင်ရွက်ရန် လုပ်ငန်းစဉ် များ၊ ပန်းခင်းစီမံချက်အရဆောင်ရွက်ပေးမည့်လုပ်ငန်းများနှင့် ဆောင်ရွက် ပြီးစီးမှု အခြေအနေ များကို ဆွေးနွေးပြောကြားခဲ့သည်။
ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ များ နှင့် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေး အတွက် ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲများနှင့် စာကြည့်တိုက်ဆိုင်ရာ လှုပ်ရှား ဆောင်ရွက်မှုများကို Online အစီအစဉ်ဖြင့် လစဉ်ကျင်းပဆောင်ရွက် လျက် ရှိကြောင်းသိရသည်။
မယု(ငဖဲ)