ယင်းမာပင်မြို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် စံပြကွက်အကျိုးဆောင် တောင်သူများအား မျိုးစေ့များ ထောက်ပံ့ပေး အပ်ခြင်းနှင့် သဘာဝမြေဩဇာ ပြုလုပ် နည်းသင်တန်းပေး

ယင်းမာပင် မေ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် စံပြကွက်အကျိုးဆောင် တောင်သူ များအား မျိုးစေ့များထောက်ပံ့ ပေးအပ်ခြင်းနှင့် တောင်သူပညာပေး သဘာဝ မြေဩဇာပြုလုပ်နည်း သင်တန်းကို ယနေ့ နံနက် ၈ နာရီခွဲက မြို့နယ် စိုက်ပျိုး ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက အဖွင့် အမှာစကား ပြောကြားရာတွင် မြို့နယ် အတွင်းမှာရှိတဲ့ စံပြကွက်အကျိုးဆောင် တောင်သူများအား မျိုးစေ့များ ထောက်ပံ့ပေးအပ်ရခြင်းမှာ တောင်သူများ အချိန်မီ သီးနှံများစိုက်ပျိုးဆောင်ရွက်နိုင်ရေးအတွက် ယခုလို မျိုးစေ့များ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ စံပြကွက်အကျိုးဆောင်တောင်သူများအား မိမိတို့ဌာနမှ စိုက်ပျိုးနည်း ပညာများကို သွင်းအားစုများ စနစ်တကျအသုံးပြုပြီး ထွက်နှုန်းများကောင်းမွန်စေရေး ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် သဘာဝ မြေဩဇာပြုလုပ်နည်း သင်တန်းဖွင့်လှစ်ရခြင်း များကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ၂၀၂၀-၂၀၂၁ ခုနှစ် စံပြကွက်အကျိုးဆောင်တောင်သူများအား မျိုးစေ့များ ထောက်ပံ့ပေးအပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူးနှင့် တာဝန်ရှိသူ များက ပေးအပ်ခဲ့ကြသည်။ ယင်းနောက် စပါးခွံဖြင့် သဘာဝမြေဩဇာနှင့် ပိုးသတ်ဆေးပြုလုပ်နည်း များ လက်တွေ့ပြသ ဆောင်ရွက်နေမှုကို တက်ရောက်လာသောသင်တန်းသား စံပြကွက်အကျိုး ဆောင် တောင်သူများနှင့် ဌာနဆိုင်ရာများက ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။