ဆင်ပေါင်ဝဲ မေ ၁၉
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာပေချစ်မြတ်နိုးသူများ အသင်းပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနဦးစီးမှူး ဒေါ်ချိုချိုဝင်းက စာပေချစ်မြတ်နိုးသူများ တစ်ဦးနှင့်တစ်ဦး ချစ်ခင် ရင်းနှီးမှု ရရှိစေရန် ၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ၊ စာဖတ်ရှူခြင်းဖြင့် ရရှိလာသော အသိပညာဗဟုသုတများကို စာဖတ်သူ အချင်း ချင်း အပြန်အလှန်ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်း လင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာရေးဆရာ ချစ်နိုင်ရေးသားထား သည့် "ကံဆိုသည်မှာ စေတနာ" စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို ဆွေးနွေးကြရာ Book Club အသင်းဝင် ဦးတင်ဝမ်းက " ခင်မောင်မြင့်စစ်ကိုင်း၏ဒီမိုကရေစီနိုင်ငံနှင့် စတုတ္ထမဏ္ဍိ " ခေါင်းစဉ်ကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေချစ်သူ များကလဲ ဆွေးနွေးမှုများအပေါ် သိရှိလိုသည်များအား အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)