ရန်ကုန် မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ခရိုင်အတွင်းရှိ ကလေးသူငယ်နှင့် ပတ်သက်သည့် အခွင့်အရေးများကို အချိန်နှင့်တစ်ပြေးညီ ရရှိခံစားနိုင်စေရန်၊ကလေးသူငယ်များနှင့် ပတ်သက်သည့် အခက် အခဲများအား အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ခရိုင်အဆင့် ကလေးသူငယ် အခွင့် အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာ ရီအချိန်က ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျင်းပရာတွင် ရန်ကုန်မြောက်ပိုင်းခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသန့်ဇင်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်မြောက်ပိုင်းခရိုင် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဒေါ်သီသီထွန်းက ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ ပြီးနောက် တက်ရောက်လာသည့် ကော်မတီ အဖွဲ့ဝင် များနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများမှ အကြံပြု ဆွေးနွေးတင်ပြခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသန့်ဇင်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရ သည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ခရိုင်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ဇွဲထက်ကို(ပြန်/ဆက်)