မောင်တော မတ် ၁၉
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် အသိ ပညာပေး နှိုးဆော်ခြင်းကို မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မြို့ပေါ်ရပ်ကွက်များ အတွင်း လုပ်ဆောင် ခဲ့ကြ သည်။
ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစခန်းမှ ဒု-မီးသတ်ဦးစီးမှူးဦးတင်စော ဦးဆောင်၍ တပ်ဖွဲ့ ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် အသိ ပညာပေးနှိုး ဆော်ရာတွင် မိဘပြည်သူများ၊ ကလေးသူငယ်များ၊ သက်ကြီး ရွယ် အို များ၊ လုပ်ငန်းရှင်များ၊ ဌာန ဆိုင်ရာ/ရုံး များတွင် မီးဘေး လုံခြုံရေး အတွက် မီးသတ်ဦးစီးဌာနမှ ချမှတ် ထားသော စည်း ကမ်း ချက်များနှင့် လိုက်နာ ဆောင် ရွက်ထား ရှိကြရန် နှင့် မော်တော်ယာဉ်များ၊ စက်သုံး ဆီဆိုင်များ၊ ဟိုတယ်များ၊ တည်း ခိုရိပ် သာများ၊ ဌာနဆိုင်ရာ ရုံးအဆောက် အဦ များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေး ကြိုတင် ကာကွယ်ရန် ထားရှိအပ်သော ရှေးဦး မီးငြိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ် ဆေးဘူး များ၊ တပ်ဆင် ထား ရှိ ကြရန် လို အပ်ကြောင်း နှင့် မီးလောင်မှု ဖြစ်ပွား ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်း နံပါတ် များအား ပြည်သူ့ လူထုများ သိရှိနိုင်ရေးအတွက် အသိပေးလိုက်လံ နှိုးဆော် ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး