သာယာဝတီ မေ ၁၉
ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်ချိန်ကာလအတွင်းပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာယာဝတီခရိုင် ပြည်သူ့စာကြည့်တိုက်အားခေတ္တပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါ ကူးစက် ပြန့်ပွားမှု လျော့နည်းလာသည့်အတွက်ပြည်သူများစာပေဗဟုတတိုးပွားစေရန်နှင့် အသိပညာရရှိ စေရန်ရည်ရွယ်၍ ကိုဗစ် -၁၉ စည်းကမ်းများနှင့်အညီ အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီ ခွဲအချိန် အထိပြည်သူ များစာပေလေ့လာဖတ်ရှု နိုင်ရန်စာကြည့်တိုက်အား ဖွင့်လှစ် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရ သည်။
အဆိုပါပြည်သူ့စာကြည့်တိုက်တွင် သုတ/ ရသစာအုပ်များ၊၊ဂျာနယ် စာစောင်နှင့်ကလေး များအကြိုက် ရုပ်ပြ စာအုပ်များ စုစုပေါင်း(၁၅၀၀၀) ကျော်ရှိပြီး မည်သူမဆို စာကြည့်တိုက်သို့ အခမဲ့ လာရောက် ငှားရမ်းဖတ် ရှု့နိုင်ကြောင်း သိရသည်။
သန့်ဇော် (ခရိုင်ပြန်/ဆက်)