ပန်းတောင်းမြို့ နယ် ပြည်သူ့စာကြည့်တိုက်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ စာငှား၊ စာဖတ် ဝန်ဆောင်မှုများ ပြန်လည် ဖွင့်လှစ် ဆောင်ရွက်

 

ပန်းတောင်း မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးတွင် ဖွင့်လှစ်ဆောင် ရွက်လျက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ခေတ္တပိတ်ထားခဲ့ရာ ယခုအခါ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ အပတ်စဉ် နံနက် ၁၀ နာရီ အချိန်မှ ညနေ နာရီခွဲအချိန်အထိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ပြည်သူ့စာကြည့်တိုက်တွင် နေ့စဉ်ထုတ်သတင်းစာ၊ အပတ်စဉ် ထုတ်ဂျာနယ်၊ လစဉ်ထုတ် မဂ္ဂဇင်းများ၊ ရုပ်ပြများ၊ ဝတ္ထုများ၊ သုတစာပေများ စသည်ဖြင့် သုတ/ရသအမျိုးအစား စုံလင်သော စာအုပ် စာစောင်ပေါင်း ၄၀၀၀ ကျော်ဖြင့် မည်သူမဆို အခမဲ့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

သင်းသင်းအေး  (ပြန်/ဆက်)