သတင်းများ

ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်းနှင့်   Mask နှာခေါင်း စည်းများ ဖြန့်ဝေ
May 18,2021
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဉက္ကဌ၏ လမ်းညွှန်ချက်အရ ပုလောမြို့နယ် စီမံ အုပ်ချုပ်ရေး အဖွဲ့ ဉက္ကဌ ဦးစိုးလွင် ဦးဆောင်သော အဖွဲ့သည်  ယနေ့နံနက် ၈ နာရီက ပုလောမြို့ လူစည် ကားရာ နေရာ ဖြစ်သော ပလာဇာရှေ့တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းကို ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်
May 18,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မိတ္ထီလာမြို့စက်မှုဇုံရှိ ချန်းကျန်စက်မှု အထည်ချုပ် စက်ရုံတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာမပေါက်ပေါက် “စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
May 18,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီတွင် ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)၌ မြန်မာ့ရိုးရာ အခြေခံသိုင်းသင်တန်း(၁/၂၀၂၁)ဖွင့်လှစ်
May 18,2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့် ကာယပညာ သိပ္ပံ(လွိုင်ကော်)မှ ဖွင့်လှစ်သည့် မြန်မာ့ရိုးရာအခြေခံသိုင်းသင်တန်း(၁/၂၀၂၁) သင်တန်းကို  ယမန်နေ့နံနက် ၁၀ နာရီခွဲက အဆိုပါ သင်တန်းကျောင်း ၊ ပိုက်ကျော်ခြင်း အားကစားခန်းမ၌ ကျင်းပခဲ့သည်။
သာကေတမြို့နယ်တွင် စာကြည့်တိုက် မှတ်ပုံတင်လက်မှတ်များ ပေးအပ်ခြင်းနှင့် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 18,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့ နံနက်(၁၀)နာရီ ၌ စာကြည့်တိုက်မှတ်ပုံတင် လက်မှတ်များ ပေးအပ်ခြင်းနှင့် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။
ပလောက်မြို့၌ နှာခေါင်းစည်းစနစ်တကျ တပ်ဆင်သွားလာရေး  Mask  Campain ပြုလုပ်
May 18,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ စီစဉ်မှုဖြင့် ယနေ့နံနက် ၇ နာရီခွဲက မြိတ်_ထားဝယ် ကားလမ်း၊ စည်ပင်သာယာဈေး အရှေ့ ၌ နှာခေါင်းစည်းများ အခမဲ့ဖြန့် ဝေပေး ခဲ့ကြောင်း သိရသည်။
မိတ္ထီလာ၌ သမိုင်းဝင်ရတနာသင်္ကျစ် စေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲ ကျင်းပမည်
May 18,2021
မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက် သြဇာခြံရပ်တွင် တည်ထားသည့် သမိုင်းဝင်ရတနာသင်္ကျစ် စေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲကို မေလ ၂ဝ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “ပန်းလိုချင် အပင်ပျိုးတတ်မှ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပ
May 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန သည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှ ရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် (၁၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။