ပလောက် မေ ၁၈
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ စီစဉ်မှုဖြင့် ယနေ့နံနက် ၇ နာရီခွဲက မြိတ်_ထားဝယ် ကားလမ်း၊ စည်ပင်သာယာဈေး အရှေ့ ၌ နှာခေါင်းစည်းများ အခမဲ့ဖြန့် ဝေပေး ခဲ့ကြောင်း သိရသည်။
အဆိုပါနှာခေါင်းစည်းများဖြန့်ဝေပေးရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ နယ် မြေ ရဲစခန်း၊ ကျန်းမာရေး ဦးစီးဌာနနှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြည်သူများ နေအိမ်ပြင်ပ သို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ် တကျ တပ်ဆင်သွားလာရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများကို နှာခေါင်းစည်း (၅၀၀) ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
နှင်းမြူလွင် (ပြန်/ဆက်)