လွိုင်ကော် မေ ၁၈
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့် ကာယပညာ သိပ္ပံ(လွိုင်ကော်)မှ ဖွင့်လှစ်သည့် မြန်မာ့ရိုးရာအခြေခံသိုင်းသင်တန်း(၁/၂၀၂၁) သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အဆိုပါ သင်တန်းကျောင်း ၊ ပိုက်ကျော်ခြင်း အားကစားခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)၌ မြန်မာ့ရိုးရာအခြေခံသိုင်းသင်တန်း(၁/၂၀၂၁)သို့ တက်ရောက် သည့် သင်တန်းသား၊ သင်တန်းသူများက ကျောင်းအုပ်ကြီးအား ဂါရဝပြုကြပြီး အားကစားနှင့် ကာယ ပညာသိပ္ပံ(လွိုင်ကော်) ၊ ကျောင်းအုပ်ကြီး ဒေါ်စိုးစိုးမြာက မြန်မာ့ရိုးရာအခြေခံသိုင်းသင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ မြန်မာ့ရိုးရာ အခြေခံသိုင်းအားကစားနည်း ပိုပိုဖွံ့ဖြိုးတိုးတက်စေရန် ၊ လူငယ်လူရွယ်များအနေဖြင့် မြန်မာ့ ရိုးရာသိုင်းပညာကို သိရှိနားလည်တတ်ကျွမ်းကြစေရန်နှင့် အန္တရာယ်တစ်စုံတစ်ခု ကျရောက် လာသည် ရှိသော် မိမိကိုယ်ကို ကာကွယ်နိုင်စေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြား ခဲ့သည်။
အဆိုပါ သင်တန်းသို့ ပြည်နယ်အတွင်းမှ သင်တန်းသား ၊ သင်တန်းသူ ၅၉ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေလ ၁၇ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့အထိ တစ်လတာသင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)