တောင်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “ပန်းလိုချင် အပင်ပျိုးတတ်မှ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပ

တောင်ဥက္ကလာပ မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန သည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှ ရသော  အသိအမြင်ဗဟုသုတများကို    အသုံးချ၍  တန်ဖိုးရှိသော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် (၁၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ    စာဖတ်ဝိုင်းတွင်    ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊    မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းမှ တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်ဆရာမ   ဒေါ်တင်တင်ထွေးက စာရေးဆရာလယ်တွင်းသား စောချစ် ရေးသားသော ၁၉၈၉ခုနှစ် အမျိုးသား စာပေဆုရ ပန်းလိုချင်အပင်ပျိုးတတ်မှ စာအုပ်အား ဖတ်ကြားဆွေးနွေးခဲ့ရာ မြို့နယ်အတွင်းရှိ စာပေ ချစ်သူစာဖတ်ပရိသတ်များနှင့်အတူ ၎င်းစာအုပ်ပါအကြောင်းအရာများကို အမြင်ချင်း ဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)