ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်းနှင့်   Mask နှာခေါင်း စည်းများ ဖြန့်ဝေ

 

ပုလော   မေ     ၁၈

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဉက္ကဌ၏ လမ်းညွှန်ချက်အရ ပုလောမြို့နယ် စီမံ အုပ်ချုပ်ရေး အဖွဲ့ ဉက္ကဌ ဦးစိုးလွင် ဦးဆောင်သော အဖွဲ့သည်  ယနေ့နံနက် နာရီက ပုလောမြို့ လူစည် ကားရာ နေရာ ဖြစ်သော ပလာဇာရှေ့တွင် ကိုဗစ်၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပုလောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ က ပြည်သူများကို ကိုဗစ်၁၉ ရောဂါပိုးများ မိမိတို့ မြို့နယ်အတွင်း ၀င်ရောက်၍ ကူးစက်ပြန့်ပွားမှု မရှိစေရန် အတွက် ပြည်သူ များအား ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို သိရှိ လိုက်နာနိုင်ရန် အသိ ပညာပေးခြင်းအပြင် နှာခေါင်းစည်း Mask အခု (၁၀၀၀) ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလောပြန်/ဆက်)