ရှမ်းရွာသစ်မြို့၌ မိုးရာသီသစ်ပင်များ စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်ပေါင်းတစ်သောင်း ပျိုးထောင်ထားရှိ
Jan 20,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးနှင့် ဒေသတွင်း အပူချိန်မြင့်မားလာမှုများအား လျှော့ချနိုင်ရန် ရည်ရွယ်၍ ယခုနှစ် မိုးရာသီကာလအတွင်း သစ်ပင်များ စိုက်ပျိုး နိုင်ရန်အတွက် ပျိုးပင်ပေါင်း တစ်သောင်းကို ရှမ်းရွာသစ်မြို့အတွင်းရှိ ရပ်ကွက်ကျေးရွာနေ ပြည်သူများနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများအား ဖြန့်ဝေပေးနိုင်ရန်အတွက် ပျိုးပင်များ ပျိုးထောင်ထားရှိကြောင်း သိရသည်။