ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ ရှင်းလင်းခြင်းနှင့် ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေး

ဒဂုံ(ဆိပ်ကမ်း) ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ ရှင်းလင်းခြင်းနှင့် ကွင်းဆင်းကြီးကြပ် ရေး အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ( ၂) နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ဇော်နိုင်ဦးက ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ ပုဒ်မခွဲ (က)အရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် ထုတ်ပြန်သော ဒုတိယအကြိမ် ပြင်ဆင် သည့် နည်းဥပဒေများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဆောင်သော မြို့နယ် ဦးစီးကော်မတီနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများဖြင့် မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ (၄)ဖွဲ့ ခွဲ၍ ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ သည်။

ထို့နောက် မြို့နယ်ကွင်းဆင်း ကြီးကြပ်ရေးအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များမှ သိရှိလိုသည့် အချက် များကို မေးမြန်း ဆွေးနွေးခဲ့ကြသည်။   "ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ရာထူသက်တမ်း သည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူး သက်တမ်းအတိုင်းဖြစ်သည်” ဟူသော ပြဌာန်းချက် အရ လက်ရှိ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၏ ရာထူး သက်တမ်းသည် မတ်လ ၃၁ ရက်နေ့ တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရွေးချယ်ခံရသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များကို ဧပြီလ ၁ ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်နိုင် ရေးအတွက်  မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

နန်းရွှေကြည်(ပြန်/ဆက်)