ကျွန်းစုမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သတိပေးနှိုးဆော်
Jan 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ အသက်အိုးအိမ်များ ပျက်စီးမှုမရှိစေရေးအတွက် ယမန်နေ့ညပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး စည်းကမ်းချက်များနှင့် ဆောင်ရွက်ရန် အချက်များအား လိုက်လံနှိုးဆော်ခဲ့ကြ ကြောင်း သိရသည်။