လက်ပံတန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

လက်ပံတန်း ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာ ခြင်းကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လှည့်လည်အသိပညာပေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့မီးသတ်ဦးစီးဌာနမှ မီးလောင်မှုနှင့် မီးလန့်မှု မဖြစ်ပေါ်စေရေး၊ မီးဘေး အန္တရာယ် ကြုံတွေ့လာပါကအချိန်နှင့်တစ်ပြေးညီ ဝိုင်းဝန်းကူညီဆောင်ရွက် ရေး၊ ထိခိုက်ဆုံးရှုံးများ လျော့နည်းရေး၊ မီးဘေးလုံခြုံရေး အတွက် ချက်ပြုတ်လျှော်ဖွတ်ရာတွင် လျှပ်စစ် မီးကို စနစ်တကျ ကိုင်တွယ်အသုံးပြုရေး၊ ထင်း၊ မီးသွေးများမှ မီးကြွင်းမီးကျန်များ စနစ်တကျ ငြှိမ်းသတ်ရေးစသည့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို တစ်အိမ် တက်ဆင်း အသိပညာ ပေး ရှင်းလင်းခြင်းကို လက်ပံတန်းမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စု (၅၃) အုပ်စုရှိ‌ ပေါက်တောစု၊ လုလင်ကျော်၊ ကညင်တို၊ ဇီးဖြူကုန်း ရွာမ၊ အိုင်တလုတ်၊ သာယာရွှေပြည်၊ အရိုးကုန်းနှင့် ကွမ်းသီးတပင် ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ပြီး ကျန်ရပ်ကွက်ကျေးရွာများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဝင့်နန္ဒာဌေး