ချောင်းဆုံမြို့နယ်တွင် ရေရှားပါးသည့် ကျေးရွာ(၅)ရွာသို့ရေပေးနိုင်ရေးအတွက် ရေဆို့လုံလောက်စွာ ရရှိရေး ရေ Level တိုင်းခြင်း ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ ဇန်နဝါရီ ၁၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် ရေရှားပါးသည့် ကျေးရွာ(၅)ရွာသို့ ရေပေးနိုင်ရေး အတွက် ရေဆို့လုံလောက်စွာရရှိရေး ရေ Level တိုင်းခြင်းလုပ်ငန်းကို ယမန်နေ့က  ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းမော်နှင့် ခရိုင်/ မြို့နယ် (ကျေး/လက်) အင်ဂျင်နီယာဝန်ထမ်းများမှ မုရစ်ကလေးကျေးရွာတွင်ကွင်းဆင်း ဆောင်ရွက်ခဲ့ သည်။

ချောင်းဆုံမြို့နယ်တွင် ကွင်းရွာများဖြစ်ကြသည့် (ခရိုက်ဒူး၊ ရေတွင်းကုန်း၊ ခရိုက်နှီးဟု၊ သာယာကုန်း၊ ဆယ်ပလာ)ကျေးရွာတို့တွင် သောက်သုံးရေရှားပါးမှု ရေအခက်အခဲများနှစ်စဉ်ကြုံတွေ့ ဖြစ်ပေါ် လျက်ရှိခြင်း ကြောင့်၊ အဆိုပါကျေးရွာ(၅)ရှိ ပြည်သူများရေလုံလောက်စွာသုံးစွဲနိုင်ရန်အတွက် ရေဆို့လုံလောက်စွာရရှိရေးအတွက် ရေထွက်အားကောင်းသည့်နေရာများအား ရေ Level တိုင်းတာ    ခြင်းကိုမော်လမြိုင်ခရိုင်(ကျေး/လက်)ဝန်ထမ်းနှင့် ချောင်းဆုံမြို့နယ်(ကျေး/လက်)ဝန်ထမ်းများက မုရစ်ကလေးကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းနှင့် ရေဆို့အားကောင်းသည့်နေရာများတွင် အဝီစိတွင်းနက်များတူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြို့နယ် (ကျေး/လက်) ဦးစီဌာနမှသိရသည်။

မြို့နယ်(ပြန်/ဆက်)