လှိုင်မြို့နယ် သာသနနုဂ္ဂဟအသင်းမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန် အလှူငွေများအား စု​ပေါင်း လှူဒါန်း

ရန်ကုန် ဇန်နဝါရီ ၁

ရန်ကုန်တိုင်း​​ဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီး ဌာနရုံးတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လှိုင်မြို့နယ် သာသနနုဂ္ဂဟအသင်းမှ ကိုဗစ်-၁၉ ကာကွယ်​ဆေး ဝယ်ယူရန် လာရောက် လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ အလှူ​​ငွေများမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်အတွက် လှိုင်မြို့နယ် မြန်မာနိုင်ငံ လုံးဆိုင်ရာ​ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ် နယ်စပ်​တောင်တန်း​ဒေသ သာသနနုဂ္ဂဟအသင်းအဖွဲ့ ဝင်များ စု​ပေါင်း၍ လှူဒါန်းခဲ့ကြခြင်းဖြစ်​သည်။ ထိုကဲ့သို့ အလှူရှင် (၂၈) ဦးတို့မှ လှူဒါန်းထားသည့် ငွေပေါင်း ကျပ် (၁၅)သိန်း (၄)သောင်း (၅​)ထောင်ကျပ်အား လှိုင်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးကျော်သက်ဝင်းထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရ သည်။                         

ထပ်မံ လှူဒါန်းလိုသူများအနေဖြင့် လှိုင်မြို့နယ် လွှတ်​တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်​ရေးမှူးနှင့် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာရုံးခန်းများသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း တင်းရရှိသည်။

ကြည်ဇေသော် (ပြန်/ဆက်)