လမ်းမတော် ဇန်နဝါရီ ၁၉
ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) အကောင်အထည် ဖော်ရေးအတွက် အစိုးရ-ပုဂ္ဂလိက နဝမ အကြိမ်မြောက် ဆွေးနွေးပွဲကို ယမန်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဒေါက်တာသီသီစိုး (ဒုတိယညွှန်ကြားရေးမှူး၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန)နှင့် ဒေါ်နွယ်နီစိုးရင် (ညွှန်ကြားရေးမှူး၊ သတင်းအချက်အလက်၊ နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန)တို့မှ “စံချိန်စံညွှန်း နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အရည်အသွေး ကိုက်ညီမှု စစ်ဆေးသည့် လုပ်ငန်းစဉ်များ”၊ “အီလက်ထရောနစ် ကူးသန်းရောင်း ဝယ်ရေး” တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ အသင်းချုပ်မှဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသော ဦးဝေဖြိုး၊ ဦးသောင်းတင်၊ အထွေထွေ အတွင်း ရေးမှူးချုပ် ဦးအေးဝင်းနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးများ၊ အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းများ၏ တာဝန်ရှိ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ကျော်ဆန်းမြင့် လမ်းမတော် (ပြန်/ဆက်)