ပန်းတနော် ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အင်းပေါင်း( ၂၉၉) အင်းရှိသည့် အနက် ၂၀၁၈- ၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အတွင်း (၃)အင်း၊ ၂၀၁၉- ၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွင်း (၆) အင်း၊၂၀၂၀- ၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း (၆)အင်းတို့၏ နယ်နိမိတ်များကိုတိုင်းတာရန် လျာထားခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
အဆိုပါ အင်းများကို ၂၀၁၈- ၂၀၁၉ ခုနှစ်တွင်( ၁)အင်း၊ ၂၀၁၉- ၂၀၂၀ ခုနှစ်တွင် (၇)အင်းတို့၏ အင်းနယ်နိမိတ် သတ်မှတ်မြေပုံများတိုင်းတာရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် တိုင်းတာရန် (၇)အင်းကျန်ရှိပြီး မြို့နယ်ငါးလုပ်ငန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အင်းသားကြီးများနှင့် ၁၉၀၂ ခုနှစ် အင်းမြေပုံများနှင့် ယခုလက်ရှိ မြေပြင်အနေအထားတွင်ရှိနေသော အင်းနယ်နိမိတ် သတ်မှတ်မြေပုံများ တိုင်းတာနိုင်ရေးအတွက် ဇန်နဝါရီလ ၁၄ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)