ပခုက္ကူ ဇန်နဝါရီ ၁၉
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူ ပညာရေးဒီဂရီကောလိပ် သုံးထပ်စာသင် ဆောင် ဆောက်လုပ်ရေးပန္နက်တင် မင်္ဂလာ ခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် ပခုက္ကူပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းကြွယ်တို့က မင်္ဂလာအချိန်တွင် ပန္နက်ရိုက်ပေးပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည်ဆောက်လုပ်မည့် Kinetic Arts Co;ltd တာဝန်ရှိသူများနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး တွေ့ဆုံမှာကြားသည်။ ပခုက္ကူပညာရေး ဒီဂရီ ကောလိပ်အဖြစ်၂၀၂၀ ပြည့်နှစ်တွင် အဆင့်တိုးမြှင့်ခဲ့ခြင်းဖြစ်ပြီး ယခုခောတ်ဆောက်လုပ်မည့် သုံးထပ်စာသင်ဆောင်မှာ အလျား ၁၉၂ ပေ၊ အနံ၃၈ ပေ ရှိ RC အမျိုးအစား အဆောက်အဦး ဖြစ်ကြောင်း သိရသည်။
ကိုဇော်(ဓာတု)