ဖလမ်း ဇန်နဝါရီ ၂၂
ဖလမ်းမြို့နယ် မီးသတ်စခန်း သန္ဓေတပ်ဖွဲ့ဝင်များသည် ဖလမ်းမြို့၊ တလန်လို ရပ်ကွက်များ၌ မီးဘေးလုံခြုံမှုရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်း စစ်ဆေးရာတွင် ရှေးဦးမီးငြိမ်း သတ်ရေးပစ္စည်း ကိရိယာများဖြစ်သည့် မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးနှင့် လှေကားများ ထားရှိရန်၊ ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများ အသုံးမပြုရန်၊ လျှပ်စစ်မီးများ အသုံးပြုပြီးပါက မီးခလုတ်ပိတ်ထားရန်၊ ထမင်းချက် ပြုတ်ပြီးပါက မီးခလုတ်ပိတ်ထားရန်၊ ထမင်းချက်ပြုတ်ပြီးချိန်တွင် မီးဖိုမီးကြွင်း မီးကျန်များ မကျန်ရှိစေရေး အထူးသတိပြုဆောင်ရွက်ရန်၊ မိမိနေအိမ်နှင့် ပတ်ဝန်းကျင်များတွင် မီးလောင်လွယ်သော လောင်စာ ပစ္စည်းများ မသိုလှောင်ရန်၊ မီးလောင်မှုဖြစ်ပွားပါက မီးသတ်စခန်းသို့ ချက်ချင်းသတင်းပေးပို့ရန် စစ်ဆေးဆောင်ရွက် အသိပညာပေးခဲ့ကြောင်းသိရသည်။
မီးဘေးလုံခြုံမှုရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေး နေ့များတွင် ဆောင်ရွက်လျက်ရှိကြောင်း ဖလမ်းမြို့နယ် မီးသတ်စခန်းမှ သိရသည်။
ဂျွန်