မိုင်းဆတ်မြို့၌ Site Quarantine ထားရှိသူ အမျိုးသားတစ်ဦးထံမှ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ

မိုင်းဆတ်      ဇန်နဝါရီ     ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာအနီး ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ် လမ်းတွင် Site Quarantine ထားရှိသူ အမျိုးသားတစ်ဦးထံမှ ယမန်နေ့ ညနေပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ လမ်းလုပ်သားများအဖြစ် ရောက်ရှိလာသည့် ကျား(၂၂)ဦးနှင့် မ(၇)ဦး တို့အား မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာအနီး ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ် လမ်းတွင် Site Quarantine ထားရှိပြီး ဇန်နဝါရီလ ၁၂ ရက် နံနက် ၈ နာရီခွဲက Test kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ အဖြေထွက်ရှိခဲ့ပြီး ဒုတိယအကြိမ် ဇန်နဝါရီ ၁၈ ရက် နံနက် ၁၀ နာရီခွဲက ၎င်းတို့၏ နှာခေါင်း တို့ဖတ်နှင့် အာခေါင်တို့ဖတ် နမူနာများအား ရယူ၍ ကျိုင်းတုံပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ မကွေးတိုင်းဒေသကြီးမှလာရောက်သူ အသက်(၄၀)အရွယ်ရှိ အမျိုးသား တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိုင်းဆတ်မြို့၏ စတုတ္ထမြောက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံ လူနာတင်ယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ပြီး မိုင်းဆတ်မြို့၊ ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းရှိ Isolation Ward တွင်ထားရှိ ဆေးကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြင့်မောင်(ပြန်/ဆက်)