ဖလမ်း ဇန်နဝါရီ ၂၂
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ဖလမ်းမြို့နယ် အတွင်း ကျေးရွာများ၌ ဖလမ်းခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဖလမ်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများသည် ဇန်နဝါရီ ၂၀ ရက်နေ့က ဖလမ်းမြို့နယ်၊ တလန်ဇာရ်ကျေးရွာတွင် လည်းကောင်း၊ ဇန်နဝါရီ ၂၁ ရက်နေ့တွင် ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာတွင် လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာဆောင် ရွက်နိုင်ရန် အသိပညာပေး ဆော်သြခြင်းဖြစ်သည်။ ထို့အပြင် မြေပြိုဘေး၊ ငလျင်ဘေး၊ မီးဘေး၊ ဘေးကင်းလုံခြုံ အသိပညာပေး ပို့စတာများကို ကပ်ထားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်းများ ဖြန့်ဝေခြင်း များ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဂျွန်