ရှမ်းရွာသစ်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင်(၃)လစာအတွက် ထောက်ပံ့ငွေပေးအပ်
Jan 27,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၆၉)ဦးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ငွေ တစ်ဦးလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ (ပထမ) (၃)လပတ်အတွက် (၃၀၀၀၀)ကျပ်စီအား ယနေ့နံနက်(၁၀)နာရီအချိန်က ရှမ်းရွာသစ်မြို့ပေါ် အမှတ်(၁)ရပ်ကွက်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် လိုက်လ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။