သံတောင်ကြီးမြို့နယ်တွင် ကော်ဖီအသီးများ အထွက်နှုန်းကောင်း
Jan 27,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသခံပြည်သူများသည် အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းကိုသာ အဓိကလုပ် ကိုင်လျက်ရှိရာ ကော်ဖီစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် ကော်ဖီသီးများ အထွက်နှုန်းကောင်းလျက်ရှိကြောင်း ကော်ဖီစိုက်တောင်သူတစ်ဦးထံကသိရှိရသည်။