ရှမ်းရွာသစ် ဇန်နဝါရီ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၆၉)ဦးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ငွေ တစ်ဦးလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ (ပထမ) (၃)လပတ်အတွက် (၃၀၀၀၀)ကျပ်စီအား ယနေ့နံနက်(၁၀)နာရီအချိန်က ရှမ်းရွာသစ်မြို့ပေါ် အမှတ်(၁)ရပ်ကွက်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် လိုက်လ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉)အုပ်စုတို့တွင် လူမှုရေးပင်စင်ရရှိသော အသက်(၈၅) နှစ်အထက် သက်ကြီးဘိုးဘွား ကျား(၂၇)ဦး၊ မ (၄၂)ဦး စုစုပေါင်း (၆၉)ဦးရှိပြီး တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် (၃)လစာအတွက် စုစုပေါင်း ငွေကျပ် (၂၀၇၀၀၀၀/-)ကျပ်ကို သက်ကြီးဘိုးဘွားများ မကျန်ရှိစေရေးအတွက် တာဝန်ရှိသူများတို့က အိမ်တိုင်ရာရောက် လိုက်လံပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဝေဠု (ပြန်/ဆက်)
Ph.09692491981