ဖာပွန် ဇန်နဝါရီ ၂၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ညမီးပေးချိန်များအား ပြင်ဆင်၍ မီးပေးမည်ဖြစ်ကြောင်းသိရှိရသည်။
ဖာပွန်မြို့တွင် ယခင်က မီးပေးချိန်အားညနေ(၅)နာရီ (၄၅)မိနစ်မှ (၁၀)နာရီ(၄၅)မိနစ်အထိမီးပေးခဲ့ပြီး ရာသီဥတုပြောင်းလဲလာမှုကြောင့် ည(၆)နာရီ အချိန်ခန့်တွင် အလင်းရောင်ပျောက်ကွယ်သည့်အတွက် (၂၇.၁.၂၀၂၁) ရက်နေ့မှစ၍ မီးပေးချိန်အားညနေ(၆)နာရီမှ (၁၁)နာရီအထိ စုစုပေါင်း(၅)နာရီအား ပြင်ဆင်၍ ပြန်လည်မီးပေးမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှသိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊စောအောင်မျိုးလွင်(ပြန်/ဆက်)