ကျွန်းစုမြို့တွင် ကျန်းမာရေးဝန်ထမ်း(၁၈၆)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်)စတင်ထိုးနှံ

ကျွန်းစု ဇန်နဝါရီလ   ၂၇

        တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းစုမြို့တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၃)အုပ်စုရှိပြီး မြို့နယ်အတွင်း တာ၀န်ထမ်းဆောင်နေသော ကျန်းမာရေး၀န်ထမ်း စုစုပေါင်း(၁၈၆)ဦးကို ပထမအကြိမ် ထိုးနှံပေးသွားမှာ ဖြစ်ကြောင်းနှင့် နောက်ထပ် (၂၈)ရက်အကြာ၌ ဒုတိယအကြိမ် ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးထံမှ သိရသည်။

မင်းကျော်စော(ပြန်/ဆက်)